ယနေ့ ခောတ်မှာ Mobile Phone တွေရဲ့ SoC တွေက Computer (PC/Laptop) တွေနီးပါးလောက် ကြမ်းလာပါပြီ ၊ ခက်တာက Android Game တွေရဲ့ System Requirements တွေကလဲ မြင့်လာပါတယ်။
အဲ့ဒါဆိုတော့ Phone ဝယ်တော့မယ်ဆိုရင် လူအများစုက က Ram နဲ့ Rom (Storage) ကိုပဲ ကြည့် ဝယ်ကြပါတယ်၊အဲ့ဒါက မှားပါတယ် အမှန်တကယ် ဂိမ်းဆော့ဖို့ ဖုန်းဝယ်တော့မယ်ဆိုရင် CPU ကောင်းတာရွေးပါ ( ဥပမာ - Snapdragon SoC ပါတဲ့ ဖုန်းတွေပေါ့ဗျာ )
Mobile Phone ဝယ်ပြီဆိုရင် လူအများစုက Android နဲ့ IOS ဆိုတဲ့ OS နှစ်မျိုးပဲရှိတယ်လို့ ထင်ကြပါတယ်
အခုခောတ်မှာ Android OS တစ်ခုတောင်မှ OS နှစ်ခုနဲ့ လာပါတယ် ဥပမာ ရိုးရိုး Android နဲ့ Budget ဖုန်းတွေမှာ များသောအားဖြင့် တွေ့ရတက်တဲ့ Android GO OS ပါ။ အဲ့ဒါတွေကို ကျွန်တော်က Tech အကြောင်း အနည်းငယ် တီးမိခေါက်မိလို့ သိတာပါ၊စာဖတ်သူတွေ ခေါင်းရှုပ်သွားမှာ စိုးတာကြောင့် Retro Game အကြောင်းပဲ ဒီ Post မှာ အဓိကပြော သွားပါမယ်။
Retro Game ဆိုတာဘာလဲ ?
Retro Game တွေဆိုတာက Modern Device တွေဖြစ်တဲ့ Smart Phone တွေ မပေါ်ခင်က ဂိမ်းဆော့ဖို့ သီးသန့်ထုတ်ထားတဲ့ TV Game တွေကို ဆိုလိုတာဖြစ်ပါတယ်၊ဒီလောက် ဆိုရင် နားလည်လောက်ပါပြီ၊
ပိုပြီး မြင်သာအောင် ပြောရမယ်ဆိုရင် တော့
Playstation 1 (PSX), Playstation 2 (PS2) , Nintendo Game Cube , Wii , Nintendo Entertainment System (NES) , Nintendo DS/3DS မှာ ထွက်ခဲ့တဲ့ ဂိမ်းတွကို ပြောတာပါဗျ၊ Game Console တွေက အများကြီးရှိတာမို့ အများကြီး လိုက်မှတ်ထားစရာ မလိုပါဘူး
Super Mario Bros. ( မှိုလူသားလို့ တစ်ခြားသူတွေ အလွယ်ခေါ်ပါတယ် ) ကိုတော့ လူတိုင်းရဲ့ ငယ်ဘဝမှာ ဆော့ဖူးမှာပါ၊ Super Mario Brothers က NES အတွက် ထွက်ခဲ့တဲ့ ဂိမ်းတစ်ခုပါ။ Mario ကိုတော့ ကျွန်တော် တော်တော် ကြိုက်ခဲ့တာပါ
အခုအချိန်မှာ Minions ကို ထုတ်ခဲ့တဲ့ Animation Studio ဖြစ်တဲ့ illumination နဲ့ Nintendo ပေါင်းပြီးရိုက်ထားတဲ့ Animation Movie နှစ်ကားထွက်ထားပါတယ် ၊ Mario Character အကြောင်း ပိုသိချင်ရင် အဲ့ Animation ရုပ်ရှင်နှစ်ခု ကို သွားကြည့်ထားပါ။
အချိန်ရရင် ဒီ Form လေးဖြည့်ပေးခဲ့ပါ
ဒီနေ့ အတွက်တော့ ဒီလောက်ပါပဲ . . .
ကျွန်တော် ကတော့ Kizoပါ
Comments
Post a Comment